မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်များမှတစ်ဆင့် တရားဝင် ခုနစ်ရက်နေထိုင်သွားလာခွင့်ကတ်ဖြင့် စတင်သွားလာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်များမှတစ်ဆင့် တရားဝင် ခုနစ်ရက်နေထိုင်သွားလာခွင့်ကတ်ဖြင့် စတင်သွားလာနိုင်


MNP ၊ စက်တင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် လူဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံ မည်သည့်ဒေသမှမည်သူမဆို ဝင်/ထွက်သွားလာနိုင်သော တရားဝင်ခြောက်ညအိပ် ခုနစ်ရက်နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား(TBP)တစ်ခါသုံးကတ်များကို ယမန်နေ့က စ၍ ပြုလုပ်ပေးလျက်ရှိရာ အဆိုပါကတ်ဖြင့် ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံလူဝင်/ထွက်ဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှ ယခုနှစ် နှစ်ဦးပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပြန့်ပွားမှုကို ကောင်းစွာဟန့်တားထိန်းချုပ်နိုင်ပြီးဖြစ်၍ နယ်စပ်ဒေသ အချက်အချာမြို့များဖြစ်သော မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် နေထိုင်ကြောင်း အိမ်ထောင်စုဇယားရှိသူများကိုသာ နှစ်နိုင်ငံဝင်/ထွက်စာအုပ်(BP)များကို စတင် ပြုလုပ်ပေးကာ ဝင်/ထွက်သွားလာခွင့်ပြုခဲ့သည်။

နယ်စပ်လူဝင်/ထွက်ဂိတ်များရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယနေ့တွင် နိုင်ငံသားတိုင်း မိမိ၏နိုင်ငံသား စိစစ်ရေးကတ်အမှတ်(EID)မှန်ကန်ပါက တရားဝင် ခုနစ်ရက် နေထိုင် သွားလာခွင့်ရှိ တစ်ခါသုံးနှစ်နိုင်ငံ ဝင်/ထွက်ကတ် (TBP) များကို အဝင်/အထွက် စာရွက်စာတမ်း ဝန်ဆောင်ခ မြန်မာကျပ် ငွေ ၁၀၀၀ ဖြင့် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိရာ အဆိုပါတစ်ခါသုံးကတ်ဖြင့် စတင်ဝင်/ထွက်သွားလာ နိုင်ပြီဖြစ်သည်။ အဆိုပါတစ်ခါသုံး ဝင်/ထွက်ကတ်(TBP)များဖြင့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် သွားလာဝင်/ထွက်နိုင်ပြီဖြစ်ပြီး မန့်ဝိန်းဂိတ်ကလည်း ကုန်တင်ယာဉ်မောင်းတစ်ဦးသာ ယာယီတစ်ခါသုံးကတ် (TBP)ကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ထိုသို့ ခုနစ်ရက်နေထိုင်သွားလာ ခွင့်နှစ်နိုင်ငံဝင်/ထွက် တစ်ခါသုံးကတ်များ ပြုလုပ်ဆောင်ရွက်ပေးနေမှုတို့ကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် နယ်စပ်ဂိတ်လဝက ဒုတိယဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုး၊ မူဆယ်မြို့နယ်ဦးစီးမှူး ဦးစန်းလွင်တို့က နယ်စပ်ဂိတ်များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ တစ်ခါသုံးကတ် ဆောင်ရွက်ရာတွင် အလွယ်တကူ မြန်ဆန် ထိရောက်မှု ရှိစေရေးနှင့်လက်ရှိ ဝင်/ထွက်သွားလာကြမည့် ပြည်သူများအား ကတ်ပြုလုပ်ဆောင်ရွက်မှု အခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)