(၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ထွက်ခွာ


MNP ၊ စက်တင်ဘာ ၂၂

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပမည့်(၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အကြိမ်(၂၀)မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (16th ASEAN Ministers’ Responsible for Information and its related Meetings) (16th AMRI)သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံဒါနန်းမြို့သို့ ထွက်ခွာသွားသည်။

အဆိုပါ (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကြိုတင်ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ယင်းအစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး တရုတ်၊ ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့မှ ပြန်ကြားရေးဆိုင်ရာ ဝန်ကြီးအဆင့်တာဝန်ရှိသူများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)