ဘုရားသုံးဆူမြို့တွင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များက ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားသုံးဆူမြို့တွင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များက ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိ






MNP ၊ စက်တင်ဘာ ၂၂

ဘုရားသုံးဆူမှာ အစိုးရယန္တရား ရပ်ဆိုင်းပြီလို့ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ ဘီဘီစီ သတင်းဌာနက KNU အကြမ်းဖက်အဖွဲ့ အကြမ်းဖက်သမားတစ်ဦးနဲ့ မေးမြန်းတင်ဆက်ခဲ့ပါတယ်။ 

ပြည်ဖျက်မီဒီယာဖြစ်တဲ့ ဘီဘီစီရဲ့ ဖော်ပြချက်မှာ "မြန်မာထိုင်း နယ်စပ် ဘုရားသုံးဆူ မြို့မှာ စစ်ကောင်စီရဲ့ ယန္တရားတွေ အလုပ်မလုပ်တော့ဘဲ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို တိုင်းရင်းသား အဖွဲ့အစည်းတွေက ဖြေရှင်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်"လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ဆောင်ရွက်ချက်များကို ဖော်ပြနေတဲ့ သတင်းတွေမှာတော့ "KNU တိုh လူကြားကောင်းအောင် ပြောလိုက်တာက ဘုရားသုံးဆူကို သိမ်းလိုက်ပါပြီတဲ့။ ဘုရားသုံးဆူမြို့ဆိုတာ ဟိုဘက်ဒီဘက် လှမ်းအော်ခေါ်ရင်တောင် ကြားရနိုင်တဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့။ Check Point ရှိတယ်။ ထိုင်းဘက်က လုံခြုံရေး အဖွဲ့တွေရှိတယ်။ ထိုင်းဘက်က စက်ရုံတွေရှိတယ်။ မြန်မာဘက်က ကုန်စည်ပို့ဆောင်ရေးတွေလည်း လုပ်နေတာ ရှိတယ်။ ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ ဒီလို နယ်စပ်မြို့ကို KNU က သိမ်းလိုက်ပါပြီလို့ ပြောတဲ့စကားက KNU ရဲ့ ပထွေး NUG ကို ကိုးကွယ်နေတဲ့ ပိန်းပိတ်တွေပဲ ယုံပါလိမ့်မယ်။ ပိန်းပိတ်တွေဆိုရင်တော့ ယုံကြပေါ့။ အခုတော့ KNU ထိန်းချုပ်လိုက်ပါပြီပြောတဲ့ ဘုရားသုံးဆူမှာ ကိုရွှေဘတို့ ကိုရွှေလှ(ကိုလှရွှေ)တို့ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှု ရှိ/မရှိ စစ်ဆေးနေတယ်။ အစစ်အဆေးတွေကြမ်းနေတယ်။ KNU စခွက်ပြောင်တဲ့အချက်က ဘုရားသုံးဆူက ပြည်သူတွေ အလုပ်ချိန်နှောင့်နှေးလာတာကလွဲလို ဘာမှထူးခြားမလာပါဘူး။" လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေနဲ့ ပတ်သက်လို့ ဖော်ပြထားပါတယ်။

BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော သတင်းဌာနများဟာ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး NUG, PDF အကြမ်းဖက်အဖွဲ့များနဲ့ တသားတည်းရပ်တည်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစဉ်တစိုက် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)