ဆရာတော်၊ သံဃာတော်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာတော်၊ သံဃာတော်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်





MNP ၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအား သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အရိုးအကြောရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် Ultrasount  ဖြင့် ရောဂါရှာဖွေစစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်နေမှုများကို ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။     အလားတူ ဗထူးတပ်မြို့ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း(ဗထူး)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား နယ်မြေခံဆေးကုသရေးအဖွဲ့များက အဆိုပါကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။


ထို့အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခံတောကျေးရွာရှိ ဒေသခံပြည်သူ ၅၄ ဦးနှင့် ခန္တီးမြို့နယ်အတွင်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင် ၆၅ ဦးတို့ကို သွေးတိုးရောဂါ၊ အထွေထွေအားနည်းရောဂါ၊ ဖျားနာရောဂါ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။ 


အလားတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင် ရပ်ကွက်၊ ဓမ္မဓရဝါဆိုကျောင်းတိုက်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က သံဃာတော် ၂၀၅ ပါးအား သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG ၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေး    ဖောက်၍ ဆီးချို/သွေးချို စစ်ဆေးခြင်းနှင့်သွေးအုပ်စုများ စစ်ဆေးပေးခြင်းတို့ကိုဆောင် ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော သံဃာတော်များကို နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။


ထို့ပြင် သံဃာတော် ၂၈၆ ပါးတို့ကို နယ်မြေခံဆေးကုသရေးအဖွဲ့က စေတန့ဝန် ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)