ထိုင်ဝမ်ဒေသကို လက်နက်ရောင်းချသော အမေရိကန် ကုမ္ပဏီနှစ်ခုကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်ဝမ်ဒေသကို လက်နက်ရောင်းချသော အမေရိကန် ကုမ္ပဏီနှစ်ခုကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့



MNP ၊ စက်တင်ဘာ ၁၆

ထိုင်ဝမ်ဒေသကို လက်နက်ရောင်းမှုတွင် ပါဝင်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အပြင်းအထန်ကန့်ကွက်မှုကို အမှုမထားဘဲ အမေရိကန်နိုင်ငံ အစိုးရသည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသကို ရည်ရွယ်ချက်ရှိရှိ လက်နက်ရောင်းချလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် ၃ ရပ် သတ်မှတ်ချက်များကို ဆိုးဝါးစွာချိုးဖောက်ခြင်း၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး စီမံအုပ်ချုပ်မှု အခြေခံ စံနှုန်းများကို ဖောက်ဖျက်ခြင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများကို ထိပါးခြင်းလည်း ဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်အား လက်နက်ရောင်းချခြင်းသည် မှားယွင်း၍ အန္တရာယ်များသော လမ်းကြောင်းသို့ ထပ်မံသက်ဆင်းသွားခြင်းဖြစ်ကြောင်း မော်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

Lockheed Martin Corporation နှင့် St. Louis တို့သည် အမေရိကန်နိုင်ငံက ထိုင်ဝမ်အား လက်နက်ရောင်းချမှုတွင် အဓိက ကြားခံဆောင်ရွက်ပေးသူအဖြစ် တိုက်ရိုက်လုပ်ဆောင်ခဲ့ကြောင်း မော်နင်က ဩဂုတ် ၂၄ ရက်က ပြောခဲ့သည်။ Northrop Grumman ကလည်း အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှုများတွင်လည်း အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့သည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်ပဒဏ်ခတ်ပိတ်ဆို့မှုများ တိုက်ဖျက်ရေးဥပဒေအရ အထက်ဖော်ပြပါ အမေရိကန် ကာကွယ်ရေးဆိုင်ရာ ကော်ပိုရေးရှင်းကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း” ၎င်းက ဆိုသည်။ 


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment