ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး



MNP ၊  စက်တင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ သုည ဒသမ ၃ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်နေ့က ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 


ယင်း ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် (၈) သန်းဖြင့် လမ်းအရှည်ပေ သုည ဒသမ ၃ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို ဩဂုတ်လ ၁၆ ရက်နေ့ကစတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။


ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာရှိ အကျိုးပြုအိမ်ခြေ ၄၃၄ အိမ်၊ လူဦးရေ ၂၀၇၀ ဦး၏ စိုက်ပျိုးလယ်မြေဧက ၄၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။  


ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေနှင့် ပြည်ထောင်စုဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေတို့ဖြင့် ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအပါအဝင် ကျေးလက်ကုန်ထုတ်လမ်း (၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)