ကျောက်ဆည်မြို့၌ သီးနှံမျိုးစုံ (၂၀၃၁) ဧက ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ရေး မြောင်း(၄)မြောင်းအား သဲနုန်းများတူးဖော်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ သီးနှံမျိုးစုံ (၂၀၃၁) ဧက ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ရေး မြောင်း(၄)မြောင်းအား သဲနုန်းများတူးဖော်ပေး


MNP ၊  စက်တင်ဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  သီးနှံမျိုးစုံ(၂၀၃၁)ဧက ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး မြောင်း(၄)မြောင်းအား သဲနုန်းများ တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ သဲနုန်းတူးဖော်ပေးလျက်ရှိသော စိုက်ပျိုးရေပေးမြောင်းများမှာ စော်ဘွား(က)မြောင်း၊ ကျီးကုန်း (က)မြောင်း၊ သားချော့(က)မြောင်းနှင့် သင်ပုတ်(က)မြေင်းများဖြစ်ပြီး  နှစ်ကာလကြာမြင့်စွာ မြောင်းများ ပြုပြင်ခြင်းမရှိသောကြောင့် တူးမြောင်းများအတွင်း ခြုံနွယ်များ ပေါက်ရောက်ပြီး မြောင်းကြမ်းပြင်တွင် သဲနုန်းများတင်ကျန်ရစ်ကာ မြောင်းများတိမ်ကောနေ၍ စိုက်ပျိုးရေများပေးဝေရာတွင် မြောင်းအဆုံး မြောင်းအဖျားရှိ သီးနှံစိုက်ခင်းများအထိ စိုက်ပျိုးရေပေးဝေရန် အခက်အခဲဖြစ်နေသောကြောင့် ရေစီးရေလာကောင်းမွန်ရေး မန္တလေးတိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေ (၄၄.၃၀၀) ကျပ်သန်း အကုန်အကျခံကာ မူလရေမြောင်း အကျယ်အတိုင်း အရှည်(၅၆၅၀၀)ပေအား  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူကာ သဲနုန်းများတူးဖော်ပေးခြင်းဖြစ်ကြောင်း သိရသည်။ သဲနုန်းများ တူးဖော်ပေးခြင်းကြောင့် စော်ဘွား(က)မြောင်း၏ သီးနှံမျိုးစုံ(၇၁၃)ဧက၊ ကျီးကုန်း(က) မြောင်း၏ သီးနှံမျိုးစုံ(၄၇၈)ဧက၊ သားချော့မြောင်း၏ သီနှံမျိုးစုံ(၃၉၃)ဧက၊ သင်ပုတ်(က)မြောင်း၏ သီးနှံမျိုးစုံစိုက်(၄၄၇)ဧက၊ စုစုပေါင်း(၂၀၃၁)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေစီးရေလာကောင်းမွန်စွာဖြင့် မြောင်းအဆုံးမမြောင်းအဖျားရှိ စိုက်ခင်းများအထိ ရေလုံလောက်စွာ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်းနှင့် ဒေသခံ တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)