ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်းစေရန် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်းစေရန် စာဖတ်ဝိုင်းပြုလုပ်




MNP ၊  စက်တင်ဘာ  ၂၀

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောာမြို့တွင် ဝန်ထမ်းများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများကို အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေခြင်း၊ ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများကိုသိရှိနားလည်စေခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မှုများ ရရှိစေရန် ရည်ရွယ်ပြီး  နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့်ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။


    ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ် အခန်း(၅)ပါ လစာသတ်မှတ်ခြင်း၊ ကနဦးလစာ၊ နှစ်တိုးလစာအခန်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက  အခန်း(၁၄)ပါ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာအခြေခံမူများ၊ ဝန်းထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများစသည့်အခန်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


    ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)