မအီမြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျားကွက်ကစားခြင်းပြီုင်ပွဲများ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျားကွက်ကစားခြင်းပြီုင်ပွဲများ ပြုလုပ်




MNP ၊  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးများအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပျော်ရွှင်စွာဂိမ်းကစားခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နေ့လယ်ပိုင်းက မူလတန်းအရွယ်ကလေးများ ကျားကွက်ကစားခြင်းပြိုင်ပွဲကို  ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။ပြုလုပ်ခဲ့သည်။


ထိုသို့ ယှဉ်ပြိုင်ကစားစေခြင်းမှာ ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် မိမိတို့၏ အတွေးအခေါ်များ၊ ထင်မြင်ယူဆချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ရုံးဝန်ထမ်းများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။


မအီမြို့၊ ပြန်ကြာားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း  စသည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များကို ရိုက်ကူး၍ မအီမြို့ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page စာမျက်နှာတွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)