မြောက်ဦးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ







MNP ၊  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ စက်တင်ဘာလ(၁၆) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင် ညွှန်ကြားရေးမှူးထံမှပေးပို့ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သဝဏ်လွှာမိန့်ခွန်း ဗီဒီယို ပြသခဲ့ ပြီးနောက်  အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။


ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် ဗီဒီယိုကလစ် အား ပြသပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူး ကြကာကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြခန်းများအား တက်ရောက်လာ သူများ က လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)