ပေါက်တောမြို့နယ် အခြေခံပညာ အလက(ခွဲ) ကျောက်ဆိပ် ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် အခြေခံပညာ အလက(ခွဲ) ကျောက်ဆိပ် ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ





MNP ၊  စက်တင်ဘာ  ၁၉                                                  

လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီကအခြေခံပညာ အလက(ခွဲ) ကျောက်ဆိပ်ကျောင်း ရှိ  စုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် က အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေး ကာGrade - 9မှ ကျောင်းသူ မဝင်းယဥ်သိန်း ကလူငယ်နှင့်ကျန်းမာရေး၊Grade-6မှ ကျောင်းသူ မဖြူဖြူစိုး လူငယ်နှင့်ပညာရေး Grade-5 ကျောင်းသူ "လူငယ်နှင့်အနာဂတ်" ၊Grade- 8 မှ ကျောင်းသား မောင်ဟန်ထွန်းလူငယ်နှင့်အားကစား Grade-8 မှ ကျောင်းသား မောင်ဦးစိုးလွင် ကလူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-6 မှ ကျောင်းသား မောင်ဦးမျိုးသန့် က "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး"အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ ခြောက် ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အလက(ခွဲ)ကျောက်ဆိပ် ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။


ထို့ပြင် ခန်းမအတွင်း ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားများပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင် နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်နှင့်မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဝင်းမင်းစိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)