သံတွဲခရိုင်၊ငပလီမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊ငပလီမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး






MNP ၊  စက်တင်ဘာ  ၁၉

သံတွဲခရိုင်၊ ငပလီမြို့အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ငပလီမြို့၊အထကခွဲလင်းသာ ကျောင်း၌ အ ထ က ခွဲလင်းသာ၊အလကခွဲမြပြင်ကျောင်းမှကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများကဆေးထိုးနှံပေးလျက်ရှိသည်။


အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို မြန်မာတစ်နိုင်ငံလုံးရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှ အောက်တိုဘာလအတွင်း ထိုးနှံပေးလျက်ရှိအထကခွဲလင်းသာ ကျောင်း၌ အ ထ က ခွဲလင်းသာ၊အလကခွဲမြပြင်ကျောင်းမှကျောင်းသူများအား စက်တင်ဘာလ ၁၉ရက်နေ့တွင် ထိုးနှံပေးလျက်ဖြစ်ကြောင်း၊  ကာကွယ်ဆေးကို အသက် (၉) နှစ်မှ အသက် (၁၂) နှစ်အတွင်းထိုးနှံမှသာ ဆေးအာနိသင် ထိရောက်မည်ဖြစ်သည့်အတွက် အသက်ပိုင်းခြား ကန့်သတ်ထိုးနှံပေးခြင်းဖြစ်ကြောင်း ငပလီမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)