ရွှေတောင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ( HPV) စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ( HPV) စတင်ထိုးနှံ





MNP ၊  စက်တင်ဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ အောင်မျိုးသန့်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အထက ( ရွှေတောင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းအား အသက် ၉ နှစ်မှ ၁၂ နှစ် မကျော်သော ကျောင်းသူလေးများကိုထိုးနှံပေးခဲ့ကြောင်းသိရသည်။


သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ 

ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်း နှင့် ဆရာမများက ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမှုအား ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း( ၁၇၇) ကျောင်းမှ ကျောင်းသူ ( ၂၂၄၃) ဦးကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)