မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး


MNP ၊  စက်တင်ဘာ  ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၅)ရက် နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)၊ ပြင်းထန်းဝမ်း ပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံစို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင်ကာကွယ်ဆေးများကို မွေးစမှ (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့်စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။


အဆိုပါဆေးထိုးနှံတိုက်ကျွေးခြင်းများကို စက်တင်ဘာ(၄)ရက်မှ စတင်ထိုးနှံလျက်ရှိပြီး နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီထိတစ်ကြိမ်၊ နေ့လယ်(၁)နာရီမှညနေ(၃)နာရီထိတစ်ကြိမ် မြို့ပေါ်ရှိ(၁၀) ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးကြောင်း သိရသည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)