မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ



MNP ၊  စက်တင်ဘာ  ၆

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်သည့် ၂ဝ၂၃ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး) ဆုချီးမြှင့်ပွဲ အခမ်းအနား ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုး‌အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊တိုင်းဒေသကြီး ရိုးရာခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊နည်းပြ၊အားကစားသမားများနှင့် ရိုးရာခြင်းလုံးဝါသနာရှင်များ တက်ရောက်ကြပြီး ဆုရရှိကြသော မဟာအောင်မြေမြို့နယ် အမျိုးသား၊ အမျိုးသမီးအသင်း၏ ရိုးရာခြင်းခတ်ပြသမှုအစီအစဉ်ကို ကြည့်ရှုအားပေးသည်။


၄င်းနောက် ဆုများချီးမြှင့်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား၊အမျိုးသမီး)တွင် ပထမ၊ ဒုတိယ၊ တတိယဆုရအသင်းများနှင့် ပြိုင်ပွဲတွင် တက်သစ်စ အကောင်းဆုံးဆု၊ အမျိုးသား အကောင်းဆုံး ဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများအား ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ(အမျိုးသား) တွင် ပထမဆုရ မဟာအောင်မြေမြို့နယ်အသင်းနှင့် (အမျိုးသမီး) ပထမဆုရ မဟာအောင်မြေ မြို့နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ ကိုချီးမြှင့်ပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment