တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (၄) ပေါက်တန်း၊ ရိုးရာခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲစတင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (၄) ပေါက်တန်း၊ ရိုးရာခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲစတင် ကျင်းပ





MNP ၊  စက်တင်ဘာ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (၄) ပေါက်တန်း၊ ရိုးရာခြင်းလုံး အမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ စတင်ကျင်းပကြောင်း သိရသည်။


အဆိုပါ ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၃၄) မြို့နယ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဩဂုတ်လ (၅) ရက်နေ့မှ (၉) ရက်နေ့ထိ နံနက် (၈) နာရီမှ ညနေ (၃း၃၀) နာရီအထိ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားရုံတွင် မြို့နယ်အသင်းအလိုက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် မြို့နယ်ပေါင်းစုံရဲ့ ပါဝင်ယှဉ်ပြိုင်မှုကို မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် အကဲဖြတ်ဒိုင်လူကြီးများ၊ နည်းပြများနှင့် အားကစားသမားများ၊ ရိုးရာခြင်းလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


သီတာအေး

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)