ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၌ စတုတ္ထအကြိမ်မြောက် Project Show ပြုလုပ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၌ စတုတ္ထအကြိမ်မြောက် Project Show ပြုလုပ်ကျင်းပ





MNP ၊ စက်တင်ဘာ ၆

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် ကွန်ပျူတာတက္ကသိုလ်၏ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်မြောက် Project Show ပြပွဲနှင့်ပြိုင်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်မြင့်နိုင် က အဖွင့်အမှာစကားပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်မြင့်နိုင်၊ ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက် ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာဇော်ဝင်းအောင် တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါပြပွဲနှင့်ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး နှင့်အဖွဲ့ဝင်များ၊ ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည် ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသပြိုင်ပွဲဝင်နေသည့် Project များအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး မိမိနှစ်သက်ရာ Project Team အား ရွေးချယ် မဲ့ထည့်ပေးခဲ့ကြသည်။


ယင်းနောက် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ဘာသာရပ်တစ်ခုချင်းအတွက် အကောင်းဆုံး Project ဆုရရှိသော အဖွဲ့များအား ဆုချီးမြှင့်ခြင်း၊ ပြိုင်ပွဲတွင် ဆုရရှိသောအဖွဲ့များအား ဆုချီးမြှင့်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ပြပွဲပြိုင်ပွဲတွင် အဖွဲ့ (၂၀) ပါဝင်ပြသယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)