ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသောဈေးနှုန်းများဖြင့် ဆန်များရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသောဈေးနှုန်းများဖြင့် ဆန်များရောင်းချပေး


MNP ၊  စက်တင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၂)ပြည်နှုန်းစီရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် လောကမှန်ကူဘုရား မုခ်ဦးရှေ့တွင် ရောင်းချပေးခဲ့သည်။


ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်၊ အဖွဲ့ဝင်(၂)ဦးလှမြင့်နှင့် ဌာနဆိုင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် ကန်ကြီးထောင့်မြို့နယ် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်နှင့် ဒါးက၊ ရှမ်းရွာ၊ မြင်းကဆိပ်၊ ကျိုက်လတ်၊ တကုန်းကြီးကျေးရွာများသို့ ပထမအကြိမ်အဖြစ် ဧည့်မထဆန်အိတ်(၇၀၀)အိတ်အား ဆက်လက်ရောင်းချသွားမည်ဖြစ် ကြောင်းသိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment