ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်





MNP ၊  စက်တင်ဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်ကြီး (၅)ရှိ ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။


အစမ်းလေ့ကျင့်မှုဆောင်ရွက်ရာတွင် ဖွင့်ပွဲအခမ်းအနားအစီအစဉ်များ၊ ဧည့်ခံဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်သူများက အစီအစဉ်အလိုက်စုပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့ကြပြီး ဆပ်ကော်မတီအသီးသီးက မိမိတို့လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။


ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့၌ ရပ်ကွက်ကြီး (၅)ရှိ ပြင်ဦးလွင်မြို့တော်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၉၈ ဦးတို့က ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။


ဖြူလူသစ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)