မုဒုံမြို့၌ မိုးစပါးပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းပညာပေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ မိုးစပါးပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းပညာပေးကွင်းဆင်းဆောင်ရွက်



MNP ၊  စက်တင်ဘာ  ၂၀

မိုးစပါးစိုက်ပျိုးရာသီတွင်ဖြစ်ပွားတတ်သည့် ဆစ်ပိုး၊ ခရုစသည့် စပါးဖျက်ပိုးမွှားများ အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝဲကလိ၊ ကမာအုပ်ကျေးရွာတွင် မိုးစပါးပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းပညာပေးဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်သည်။


ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ငွေမှီနှင့်ဝန်ထမ်းများက မိုးစပါးနှင့်ရာသီစိုက်ပျိုးသီးနှံများ အရည်အသွေးပြည့်မီကာ အထွက်နှုန်းတိုးတက်စေရန်၊ စပါးနှင့်သီးနှံများတွင် ကျရောက်တတ်သည့် ဆစ်ပိုးနှင့်အခြားပိုးမွှားများကြိုတင်ကာကွယ်နှိမ်နင်းရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စပါးကျရောက်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းများ ဆွေးနွေးပြောကြားပြီး စပါးကျရောက်ပိုးမွှားရောဂါများနှင့်ပတ်သက်၍ တောင်သူများနှင့်အတူ ကွင်းဆင်းသရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဆောင်းသီးနှံနေကြာစိုက်ပျိုးရန် တောင်သူများအား တွေ့ဆုံစည်းရုံးခဲ့ပြီး ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခြင်းတို့ကိုပါ ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ပိုးမွှားများအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းပညာပေးဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သားငယ် 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)