တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်ရေလှောင်တမံအတွင်းသို့ ငါးကောင်ရေ တစ်သိန်းခုနစ်သောင်း စိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်ရေလှောင်တမံအတွင်းသို့ ငါးကောင်ရေ တစ်သိန်းခုနစ်သောင်း စိုက်ထည့်



MNP ၊  စက်တင်ဘာ  ၂၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွန်မှုဖြင့် ငါးသယံဇာတများ ပေါများစေရေးနှင့် ဒေသတွင်းပြည်သူများ ငါးရိက္ခာများ ပိုမိုရရှိစားသုံးနိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆည်၊ တာတမံများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေနံနက် ၈ နာရီတွင် ကင်းပွန်တောင်ရေလှောင်တမံ၌ ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ အမှတ်(၁၈)၊ ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးနိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကင်းပွန်တောင်ရေလှောင်တမံအတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေတစ်သိန်းနှင့် ငါးခုံးမငါးသားပေါက် ကောင်ရေခုနစ်သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းခုနစ်သောင်းကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)