MNP ၊ စက်တင်ဘာ ၂၆
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒိမာခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းကိုကိုဦးက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အစီအစဥ်များ၊ သင်ကြားပါကရရှိလာမည့် အခွင့်အရေးများကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အေးအေးအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment