(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




MNP ၊ စက်တင်ဘာ ၂၅

(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် Theatre ခန်းမတွင် ပြုလုပ်ရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲ တွင်ပါဝင်မည့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကား​​​​ ပြောကြား​သည်။ ထို့နောက် တပ်မတော်​ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး၊ တပ်မ​တော်​ဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် တက်ရောက်လာကြသူများက အမှတ် တရ ဓာတ်ပုံများရိုက်ကူးကြသည်။

(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲကို The Power of Mentoring in Medical Education:  Supporting Student With Effective Mentoring Practice ခေါင်းစဉ်ဖြင့် ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခများနှင့် ဌာနမှူးတို့က ဦးဆောင်ဆွေးနွေးပြီး သင်တန်းသားများက Group work များ ​ပြုလုပ်​ပြီး Group အလိုက် Presentation များ ပြုလုပ်တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)