ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်နှင့် အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်နှင့် အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ




MNP ၊  စက်တင်ဘာ  ၃၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်နှင့် အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့သု၀ဏ္ဏပိုက်ကျော်ခြင်းရုံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ၀န်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ပြိုင်ပွဲဝအားကစားသမားများတက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တက်ရောက်လာကြသူများက ရွှေပြည်သာမြို့နယ်အသင်းနှင့် သန်လျင်မြို့နယ်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက်ဆုပေးပွဲကိုကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကျော်မင်းထွန်းက အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသော လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှ မဇူးဇူးအောင်နှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသော ရွှေပြည်သာမြို့နယ်မှ သူရဇော်အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်သန်းက အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ဒဂုံဆိပ်ကမ်းမြို့နယ်အသင်းနှင့် အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ဒဂုံဆိပ်ကမ်းမြို့နယ်အသင်းအားတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊တိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဌ ဦးကြည်ဝင်းက အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ဗဟန်းမြို့နယ်အသင်းနှင့် အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော သာကေတမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစောဂျက်ကော့ထူးက အမျိုးသမီး(၃)ယေက်တွဲပြိုင်ပွဲတွင် ဒုတိယရရှိသော ကွမ်းခြံကုန်းမြို့နယ်အသင်းနှင့် အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အသင်းတို့အားလည်းကောင်း၊ ဆုတံဆိပ်နှင့်ငွေသားဆုကိုလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရှိသော သန်လျင်မြို့နယ်အသင်းနှင့်အမျိုးသား (၄)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပုဇွန်တောင်မြို့နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုတို့အားလည်းကောင်း ပေးအပ်ခဲ့ကြသည်။


ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစောဂျက်ကော့ထူးက အမျိုးသမီး(၃)ယေက်တွဲပြိုင်ပွဲတွင် ပထမရရှိသော လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အသင်းနှင့် အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသော ကွမ်းခြံကုန်းမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ပထမဆုဖလားအား ပေးအပ်ပြီး၊ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ကိုယ်စားရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်ကအမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပြည်သာမြို့နယ် အသင်းနှင့်အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော သန်လျင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့်ပထမဆုဖလားအားပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)