MNP ၊ စက်တင်ဘာ ၃၀
အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လာမှုကြောင့် မွေးမြူရေးကဏ္ဍများအပေါ် ဖြစ်ပေါ်လာတတ်သည့် သက်ရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီတွင် မင်္ဂလာဒုံတိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာ ဒေါ်နေခြည်နွေးဦးဆောင်၍ အသိပညာပေးဟောပြောပွဲကို ပျဥ်းမပင်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါက်တာဒေါ်နေခြည်နွေးမှ အယ်လ်နီညိုရာသီဥတုအကြောင်းကို ပြောကြားရာတွင် "အယ်လ်နီညို(EININO)ဟူသော ဝေါဟာရသည် တောင်အမေရိကတိုက်၏ အနောက်ဘက်ကမ်းရိုးတန်းနိုင်ငံများဖြစ်သည့် အီကွေဒေါနှင့် ပီရူးနိုင်ငံများသို့ ခရစ်စမတ်ကာလတွင် တိုးဝင်လာတတ်သည့် ပင်လယ်ရေစီးကြောင်းများကို ဒေသခံများကခေါ်ဝေါ်ထားသော အမည်ဖြစ်ကြောင်း၊ ငါးနှစ်မှ ခုနှစ်နှစ်အတွင်း တစ်ကြိမ်ခန့် ဖြစ်ပေါ်လာတတ်ပြီး၊ ယခုနှစ်နောက်ပိုင်းတွင် နှစ်နှစ် သုံးနှစ်အတွင်းတွင်လည်း ဖြစ်ပေါ်လာခြင်း၊ အယ်လ်နီညိုဖြစ်စဥ်ကြောင့် အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်ခြင်း၊ သောက်သုံးရေရှားပါးခြင်းများဖြစ်ပေါ်လာတတ်သည့် ရာသီဥတုဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိရစ္ဆာန်အစာများကို ကြိုတင်စုဆောင်းမှုပြုလုပ်ရခြင်း၊ အစာပြုလုပ်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခြင်း၊ သိုလှောင်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်သူများက သိလိုသည့်မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဌေးလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment