မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ







MNP ၊  စက်တင်ဘာ  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းပူးဦးသြဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ် (၅) မြို့နယ်မှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။


ဦးစွာ မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မင်းဘူးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖတ်ဖွင့်လှစ်ပေးခဲ့သည်။


 ဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာ စကားပြောကြားရာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် (၁၉၉၈)ခုနှစ်မှစ၍ (၂၀၁၆)ခုနှစ်တိုင်အောင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအား (၂၂)ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီးဖြစ်ရာ၊ (၂၀၂၃)ခုနှစ်တွင် (၂၃)ကြိမ်အဖြစ် ပြန်လည်ကျင်းပခဲ့ပြီးနောက် ယခုနှစ်တွင် (၂၄)ကြိမ်ပြည့်မြောက်သည်အထိ ကျင်းပနိုင်ခဲ့ပါ ကြောင်း၊ နိုင်ငံတိုင်းမှာ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာရပ်များ ရှိနေကြတာဖြစ်တဲ့အတွက် ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်စေရေးကို လက်ဆင့်ကမ်းထိန်းသိမ်းကြရမှာ လက်ရှိလူငယ်များရဲ့ အဓိကတာဝန်တစ်ရပ်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပြီးနောက်၊ ဧည့်ခံဖျော်ဖြေရေးအစီအစဉ်များနှင့် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ဖျော်ဖြေရေး အဖွဲ့များအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။


မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဝါသနာရှင်အဆင့်နှင့် အခြေခံပညာအဆင့်ကျောင်းများမှ အသက် ၁၀ နှစ်မှ ၂၀ နှစ် အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား လက်ရွေးစင်ရွေးချယ်၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ခရိုင်အဆင့် ပြိုင်ပွဲတွင် ဆုရရှိသူများက တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)