MNP ၊ စက်တင်ဘာ ၁၆
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကြီးမှူး၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မို့မို့ချစ်က အဖွင့်အမှာစကားပြောကြားခြင်း၊ အိုဇုန်းလွှာအသိပညာပေးဗီဒီယိုများပြသခြင်းနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထားထားနွယ်က အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ပရိုဂျက်တာဖြင့်ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော ကျောင်းသားကျောင်းသူများကအား အိုဇုန်းလွှာနှင့်ပက်သက်သည့် သိမှတ်ဖွယ်ရာဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းကိုဆက်လက်ကျင်းပရာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ရောင်စုံပန်းချီပြိုင်ပွဲတွင်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းများဖြေဆိုနိုင်ခဲ့သော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment