တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံ


MNP ၊  စက်တင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ ထားဝယ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၌ ဝန်ထမ်းများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ကြီးများက  ကျောင်း၏တည်နေရာ၊ အကျယ်အဝန်းနှင့် ကျောင်းသမိုင်းအကျဉ်း၊ သင်တန်းဆိုင်ရာအချက်အလက်များ၊ သင်ကြားရေး၊ စီမံ၊ ဝန်ထမ်းအင်အားအခြေအနေ၊ ကျောင်း၏ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တင်ပြချက်များအပေါ်တွင် ကျောင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ဆရာ/မများ၏ နေထိုင်စားသောက်ရေးအဆင်ပြေနိုင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီများသည့် အကြောင်းအမျိုးမျိုးကြောင့် ဈေးနှုန်းမြင့်တက်လာပြီး ယခုအခါတွင် အတိုင်းအတာ တစ်ခုအထိ ကျဆင်းနေပြီးဖြစ်ကြောင်း၊ ဆန်၊ ဆီများကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ/မများအနေဖြင့် ဝယ်ယူစားသုံးနိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် အထူးစီးပွားရေးဇုန်ပေါ်ပေါက်လာပါက ကျောင်း၌ရှိသော ကျောင်းသား/သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ကြောင်း၊ အထူးစီးပွားရေးဇုန်လည်ပတ်လာပါက ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ဆရာ/မများအနေဖြင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၌ ဘက်စုံအသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအသီးသီးရှိ တာဝန်ရှိသူများနှင့် တက်ရောက်လာသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment