MNP ၊ စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွှဲ(၁၂) နာရီအချိန်က၊ ကျွန်းခရေ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ရာ G-11 မှ မစုစုအောင်က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် လည်းကောင်း၊ G-11 မှ မောင်ခန့်စိုးနိုင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်းG-11 မှ မမေဇင်သန့်က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်၊
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ ဆွေးနွေးပြောကြားချက်များ အပေါ် မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့သည်။ ဆက်လက်ပြီး ကျွန်းခရေ ကိုယ်ပိုင်(အထက) ကျောင်းအုပ်ဆရာကြီး ဦးမြင့်အေးမှ ကျေးဇူးတင်စကား ပြောကြားပြီး အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ (၉၅ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment