MNP ၊ စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေး မှူး ဦးရဲလင်းမောင်က ကလေးသူငယ်များ၏ အခွင့်အရေးကို ဆောင်ရွက်နိုင်ရန် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုပြဌာန်းခဲ့ပြီး ကလေးသူငယ်၏ အကျိုးကိုပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြဌာန်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ် ဥပဒေ တွင် ကလေးသူငယ်ကို (၁၆)နှစ်အထိ သတ်မှတ်ပြီး၊ (၂၀၁၉) ခုနှစ်ဥပဒေတွင် ကလေးသူငယ်ကို(၁၈) နှစ်အထိ သတ်မှတ်ထားကြောင်း၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရာတွင် ဖြစ်ပြီးမှ ဆောင်ရွက်ခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုထိရောက်ကြောင်း၊ ကလေးသူငယ်ကော်မတီဝင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရင်း ကလေးသူငယ်အခွင့် အရေးများကို ပြည်သူလူထုအားလုံးသိရှိစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ချိုးဖောက်ပြီး အကြမ်းဖက်မှုများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာဌာနများအား တတ်နိုင်သမျှစောလျှင်စွာ သိရှိနိုင်ရေး ဆောင်ရွက်ကြရန်နှင့် အသိပညာပေးလုပ်ငန်းများကိုလည်း ပိုမိုဆောင်ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် များမှ ကလေးသူငယ်များနှင့်ပတ်သက်၍ ဌာနအဖွဲ့အစည်းအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ ကို ဆွေးနွေးတင်ပြရာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟန်စိုး နှင့် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment