လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေး


MNP ၊ စက်တင်ဘာ ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ဦးဆောင်သောအဖွဲ့အား ယမန်နေ့က ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လူမှုပဋိပက္ခကြောင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်သူများအတွက် ၂၀၁၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)တို့မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီပေးအပ်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ တုံ့ပြန် ရေးလုပ်ငန်းများတွင် ICRC မှ ကူညီဆောင်ရွက်ပေးခဲ့မှု၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အထိပြည်တွင်းနေရပ်စွန့်ခွာသူများအား ဝန်ကြီးဌာန၏ ဘတ်ဂျက် ငွေကျပ် ၁၁၄ ဘီယီယံသုံးစွဲ၍ အထောက်အပံ့ပေး နေမှုအခြေအနေများ၊ ICRC နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာမှုလုပ်ငန်းများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား ရခိုင်ပြည်နယ်တွင် လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရန် Regional Agreement လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေမှု၊ မိုင်းထိခိုက်ခံရသူများအတွက် ICRC ၏ ခြေတုလက်တုတပ်ဆင်ပေးရေးလုပ်ငန်းများ၊ ဝန်ကြီးဌာနနှင့် ICRC တို့အကြား လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)