ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံခြင်း အစီအစဉ် (MCCT) ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံခြင်း အစီအစဉ် (MCCT) ထောက်ပံ့ငွေများပေးအပ်


MNP ၊  စက်တင်ဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံခြင်း အစီအစဉ်(MCCT)အခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်   မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းမင်းစိုးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးဝါတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။


လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့မှုများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လက်ဝယ်အရောက် ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကွင်းဆင်းပေးအပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာ (၇၃) အုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင် (၁၆၉၂)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်(၂၃၉၉)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၇၈၂၀၀၀၀ဝိ/) အား ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။


ဝင်းဗိုလ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)