MNP ၊ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက် (၈)နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အကပြိုင်ပွဲဆုရရှိသူများ၊ အဆိုပြိုင်ပွဲဆုရရှိသူများ၊ အရေးပြိုင်ပွဲ ဆုရရှိသူများ၊ အတီးပြိုင်ပွဲ ဆုရရှိသူများ၊ ကဗျာလွတ်ပြိုင်ပွဲ ဆုရရှိသူများ ကွက်စိပ်ပြိုင်ပွဲ ဆုရရှိသူများ ဆုများချီးမြှင့်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများချီးမြှင့်ရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသည့်သူများက ဆုများလက်ခံပေးခဲ့သည်။
ထို့နောက် အကဲဖြတ်ဒိုင်လူကြီးများနှင့် အခမ်းအနားအဖွဲ့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ချီးမြင့်ရာအခမ်းအနားအဖွဲ့နှင့် အကဲဖြတ်ဒိုင်များက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment