ချီဖွေမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချီဖွေမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး


MNP ၊  စက်တင်ဘာ  ၁၉

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက် (၉)နှစ် ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးငယ်များအား ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ) ၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံ ဆောင်ရွက်ပေးသည်။


ကာကွယ်ဆေးထိုးနှံရာတွင် ချီဖွေမြို့နယ်ကျန်းမာရေးမှူးအဆင့် (၁) ဦးစံလွင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးကျန်းမာရေးဆရာမနှင့် ဆရာ/ဆရာမများက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် ရှောင်ရန်/ဆောင်ရန် အချက်များကို အသိပညာပေး ဟောပြောကာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့သည်။


အဆိုပါ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၆၄) ကျောင်းမှ ကျောင်းသူ (၅၇၄) ဦးအား ဆေးထိုးစုရပ် (၆၄) နေရာသတ်မှတ်ကာ စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး  ပြည်သူလူထုအခြေပြုအဖြစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သတ်မှတ် စုရပ်နေရာအသီးသီးတို့၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ယော်ကိ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)