ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးလျက်ရှိ






MNP ၊  စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်း ကလေး များအား သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြုစတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ   ကျောင်းအုပ်ဆရာကြီး  ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူ များ က စနစ်တကျ ထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ 


အဆိုပါ သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြု ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁) အခြေ ခံပညာ အထက်တန်းကျောင်း ၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၊ အမှတ်(၂) အခြေခံပညာ မူလတန်း လွန်ကျောင်း ၊ အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်း ၊စံပြကညင်တန်း အခြေခံ ပညာမူလတန်းလွန်ကျောင်းများရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် လျာထားကျောင်းသူ  ၃၇၆  ဦးအား ကာကွယ် ဆေး ထိုးနှံခြင်း မပြုမှီ စာရင်းများ ကောက်ယူခြင်း  ၊ သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်း ၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှ သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို ကျောင်းသူ များ အား စနစ်တကျထိုးနှံပေးလျက်ရှိသည်။ မောင် တော မြို့နယ်အနေဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ကျောင်း အခြေပြု ထိုးနှံ ပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံ ပေး သွား မည်ဖြစ် ကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)