ဟားခါးမြို့တွင် မိုးရေချိန် ၂ ဒသမ ၇၆ လက်မ ရွာသွန်းမှုကြောင့် ကွန်ကရစ်လမ်း အောက်ခံမြေသား ပြိုကျ၍ လူနေအိမ်တစ်လုံးပြိုကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့တွင် မိုးရေချိန် ၂ ဒသမ ၇၆ လက်မ ရွာသွန်းမှုကြောင့် ကွန်ကရစ်လမ်း အောက်ခံမြေသား ပြိုကျ၍ လူနေအိမ်တစ်လုံးပြိုကျ



MNP ၊  စက်တင်ဘာ  ၁၉

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယနေ့တွင် မိုးရေချိန် ၂ ဒသမ ၇၆ လက်မ ရွာသွန်းမှုကြောင့် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ပြည်နယ်လွှတ်တော်ရုံးအရှေ့ဘက်အကြား၊ ထက်လွေကွန်ကရစ်လမ်း မြေအောက်ခံမြေသားများ နံနက် ၆ နာရီခန့်က ပြိုကျ၍ လူနေအိမ်တစ်လုံး ပြိုကျသည်။


အဆိုပါ မြေသားပြိုကျသည့်နေရာသို့ ဟားခါးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တပ်မတော်သားများ၊ ပြည်နယ်လမ်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ပြိုကျနေသည့်အိမ်ရှင် ဦးရပ်အဲနှင့် ညှိနှိုင်းကာ အိမ်အတွင်းရှိ ပစ္စည်းများ ပြောင်းရွှေ့ပေးခြင်း၊ ပြိုကျနေသည့်နေအိမ်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် မြေပြိုမှု ထပ်မံမဖြစ်ပွားစေရေးအတွက် ရေစီးလမ်းကြောင်း ရှင်းလင်းခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment