MNP ၊ စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဆင်တက်မော်(ပိုက်ဆိပ်)ကျေးရွာ ၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပ့ံငွေ ၁၂ သန်း နှင့် ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၅ သန်းတို့ဖြင့်ဆောင်ရွက်လျက်သည်။
အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအား ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း နှင့် တာဝန်ခံအင်ဂျင်နီယာတို့ ယနေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။
အဆိုပါကျေးရွာတွင်း လမ်းမှာ အလျား ၄၈၂ ပေ၊ အကျယ် ၁၀ ပေ ၊ ထု ၆ လက်မ ရှိပြီး လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment