MNP ၊ စက်တင်ဘာ ၇
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် မြို့နယ်အဆင့် အဆို ၊ အက ၊အရေး ၊အတီးပြိုင်ပွဲဝင်ရန်အတွက်အစမ်း လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင်ကျင်းပြုလုပ်သည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဦးဦးသိန်းမောင်က ၂၄ ကြိမ်မြောက် မြို့နယ်အဆင့် အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲဝင်ရန်အတွက်အစမ်း လေ့ကျင့်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၄ ကြိမ်မြောက် မြို့နယ်အဆင့် အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲဝင်ရန်အစမ်း လေ့ကျင့်ရာတွင် အသက် ၁၅ နှစ် မှ ၂၀ နှစ်အမျိုးသား ခေတ်ဟောင်းကာလပေါ် တေးသီချင်းများနှင့် အဆိုရှင် မောင်သန့်ဇင်ဦးကလည်းကောင်း၊အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)အမျိုးဂုဏ်၊ဇာတိဂုဏ် မြှင့်တင်ရေး(အဆို) မငြိမ်းငြိမ်းစိုး ကလည်းကောင်း၊ ဝါသနာရှင်(ဒုတိယ)တန်း (အမျိုးသား) ၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်) ဦးသန်းလှိုင်ကလည်း ကောင်းဝါသနာရှင်(ဒုတိယ)တန်း (အမျိုးသား) ၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်) ဦးဇေယျာထွန်းတို့ကအစမ်းလေ့ကျင့် ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဦးဦးသိန်းမောင်နှင့်ဌာနဆိုင်ရာများက၂၄ ကြိမ်မြောက်အဆို ၊ အက ၊အရေး ၊အတီးပြိုင်ပွဲဝင်ရန်သွား ရောက်မည့်အဆိုရှင်ပြိုင်ပွဲဝင်များအားဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment