ပေါက်တောမြို့၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲ ကျင်းပ





MNP ၊  စက်တင်ဘာ  ၇

 ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ၂ နာရီက  အခြေခံပညာအထက်တန်းကျောင်း ( ပေါက်တော) စုပေါင်းခန်းတွင်ကျင်းပကြသည်။

အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းကျောင်း(ပေါက်တော) မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် " စာတက်မြောက်ရေး သင်ကြားပေး မနှေးဆောင်ရွက်တိုင်းပြည်အတွက်" ခေါင်း စဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် "အနာဂတ်ဘဝသာယာဖို့ စာမတတ်သူဝိုင်းကူစို့" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ကြ​ ပြီးဆုရရှိသူများကို ပညာရေးစုံညီပွဲတော်၌ ဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ​ေကျာင်းအုပ်ဆရာမကြီးထံ မှ သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)