သာပေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး


MNP ၊  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက်ထုတ်ချေးပေး လျက်ရှိသည်။


မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်သန်းက တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေ များ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ဇီးဖြူကွင်း ကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၇၄)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၄၀၉)ဧကအတွက် (၆၁၃၅၀၀၀၀)ခြောက်ရာ တစ်ဆယ် သုံးသိန်း ငါးသောင်းကျပ်၊ ရှမ္မမြောင်ကျေးရွာ အုပ်စုတို့မှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၁၄)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၁၀၈)ဧကအတွက် (၁၆၂၀၀၀၀၀)သုံးရာ ရှစ်ဆယ်ခုနှစ်သိန်းကျပ်၊ ပေါင်းမိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၈၈)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၅၁၇)ဧကအတွက် (၇၇၅၅၀၀၀၀)ခုနှစ်ရာ ခုနှစ်ဆယ် ငါးသိန်း ငါးသောင်းကျပ်တို့ ကို မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေတောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။


နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေး အတွက် နှစ်စဉ်ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိ သည့် တောင်သူများအနေဖြင့်လည်း အချိန်မီ ပေးဆပ်ပြီးသည့် တောင်သူများနှင့်ကိုဗစ် ချေးငွေပါ ပြေကြေပြီးသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စု(၆၈)၊ စိုက်ပျိုးဧက(၃၆၅၀၀)၊ ချေးငွေ (၅၄၇၅၀၀၀၀၀၀)ကို ထုက်ချေးပေး ထားရန် လျာထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မြင့်မြင့်သန်းထံမှ သိရသည်။


မျိုးဇော်သိန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)