ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်းစေရန် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်းစေရန် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  စက်တင်ဘာ  ၇

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောာမြို့တွင် ဝန်ထမ်းများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများကို အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေခြင်း၊ သတင်းရေးသားထုတ်ပြန်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မှုများ ရရှိစေရန်ရည်ရွယ်ပြီး "သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းသင်ခန်းစာမှတ်စု"စာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။


    ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က "သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းသင်ခန်းစာမှတ်စု"စာအုပ် အခန်း(၁)ပါ သတင်း၏အခြေခံဖွဲ့စည်းပုံနှင့် သတင်းကောင်းတစ်ပုဒ်အတွက်လိုအပ်ချက် အခန်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက  အခန်း(၃)ပါ အချက်အလက်များစုဆောင်းခြင်း၊ သတင်းလိုက်ခြင်း၊ စူးစမ်းလေ့လာခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ အထောက်အထားများကိုအသုံးချခြင်းအခန်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။


    ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့​သည်။ပေါက်တောမြို့နယ်ရုံးတွင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းကို တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)