ရမ်းဗြဲမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဥ်ဖြင့် ဒေသခံပြည်သူများအား စားသုံးဆီများကိုဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဥ်ဖြင့် ဒေသခံပြည်သူများအား စားသုံးဆီများကိုဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ







MNP ၊  စက်တင်ဘာ  ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဥ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့မွန်းလွဲပိုင်းတွင် ရမ်းဗြဲမြို့ပေါ်ရှိ  ဒေသခံပြည်သူများအား စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။


    ထိုသို့ ရောင်းချရာတွင်ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ ရမ်းဗြဲမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်သန်းရွှေ ဦးဆောင်သောအဖွဲ့က ဒေသခံပြည်သူများအား စားသောက်ရေး အဆင်ပြေစေရန် သက်သာသော စျေးနှုန်းဖြင့် ၎င်းတို့ လိုအပ်လျက်ရှိသော စားသုံးဆီများကို လူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာ ၄၇၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။ 


    ထိုသို့ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအပေါ် ``ယခုကဲ့သို့ စားသောက်ရေး အခက်အခဲဖြစ်ပေါ်နေချိန်တွင်သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးသည့် တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိပါ  ကြောင်းနှင့် ဆက်လက်၍လည်း လာရောက်ရောင်းချပေးစေလိုပါကြောင်း ´ ဈေးဝယ်လာသူ ပြည်သူတစ်ဦးမှ ပြော ကြားသည်။ယင်းသို့ စျေးရောင်းချရာသို့ ဒေသခံပြည်သူများက တစ်ခဲနက်လာရောက် ဝယ်ယူခဲ့ကြကြောင်းသိရသည်။ 


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)