သုံးခွမြို့နယ် အ.လ.က (၁) တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ် အ.လ.က (၁) တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲပြုလုပ်




MNP ၊  စက်တင်ဘာ  ၇

ရန်ကုန်တိုင်း‌ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အ.လ.က (၁) ကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။


ပထမဦးစွာ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေဇာသန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းနိုင်က ကြက်ခြေနီအသင်းခွဲများ ပေါ်ထွန်းလာစေရန်၊ ကျောင်းသားကျောင်းသူများအတွက် ရှေးဦးပြုစုခြင်း ပညာရပ်များ ပြန့်ပွားစေရန်၊ ရှေးဦးပြုစုခြင်းဟောပြောပွဲများမှတဆင့် လူမှုကရုဏာစိတ်များ ကိန်းအောင်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်‌ကြောင်း၊ ကြက်ခြေနီနှင့်ပက်သက်၍ သိကောင်းစရာ များနှင့်ရှေးဦးပြုစုခြင်းတို့ကို ဟောပြောခဲ့သည်။


ယင်းနောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းနိုင်၊ နည်းပြဆရာဦးမျိုးနိုင်၊ ဦးလင်းနိုင်ထွန်း၊ ဒေါ်ကလျာဝင်းတို့က လူနာအားရှေးဦးပြုစုခြင်းကို လက်တွေ့သရုပ်ပြသကြပြီး၊ ကျောင်းကြက်ခြေနီအသင်းခွဲငယ်ကို ဖွဲ့စည်းခဲ့ကြကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။


စည်သူလင်း

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)