MNP ၊ စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူးကိုယ်စား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားရီက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍မြို့နယ် ပန်းချီ၊ ပန်းပု၊ အစည်းအရုံးနာယက ပန်းချီဆရာဦးစိုးမြင့်လေးက ပန်းချီပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၌ အ.ထ.က (၁) မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၉) ဦး ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၁) နှင့် နှစ်သိမ့်ဆု (၂) ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှု အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်ပန်းချီ၊ ပန်းပု အစည်းအရုံးနာယက ပန်းချီဆရာဦးစိုးမြင့်လေးတို့က ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment