ဂျပန်နိုင်ငံတွင် (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံနှင့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံတွင် (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံနှင့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီး




MNP ၊ စက်တင်ဘာ ၂၀

ဂျပန်နိုင်ငံ၊ Kato City ရှိ Nenbutsushu Sampozan Muryojuji Temple မှ ကြီးမှူး၍ (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံ (The Eight Buddhist Summit) နှင့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် (Nalanda Mahavihara) ဖွင့်ပွဲအခမ်းအနား တို့အား ၁၃-၉-၂၀၂၃ ရက်မှ ၁၅-၉-၂၀၂၃ ရက်အထိ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး ဦးစိုးဟန် သည်  ၁၃-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် Nenbutsushu Sampozan Muryojuji Temple ၌ ကျင်းပသည့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် Nalanda Mahavihara ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သံအမတ်ကြီးသည် နိုင်ငံပေါင်း (၁၄)နိုင်ငံမှ သံရုံးအကြီးအကဲများ၊ သံရုံးကိုယ်စားလှယ်များ၊  Nenbutsushu Sampozan Muryojuji Temple မှ ဆရာတော်ကြီးများနှင့်အတူ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသမီး မဟာချက်ကရီသီရိဒုံ မှ အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

သံအမတ်ကြီး ဦးစိုးဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၄-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် The Royal Grand Hall of Buddhism တွင် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံ (The Eight Buddhist Summit) ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ဆရာတော်ကြီးများ၊ ဗုဒ္ဓဘာသာအဖွဲ့ဝင်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်း ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံအခြေစိုက် သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့သည်။ 

ဗုဒ္ဓထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(တောင်ကြီး)၊ ပါမောက္ခချုပ်ဆရာတော်၊  ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ  (အောက်စဖို့ဒ်ဆရာတော်)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)