MNP ၊ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် အထက်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)၌ကျင်းပခဲ့သည်။
ကျပန်းစကားပြောအခမ်းအနားတွင် ပုဂံမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ညွန့်နှင့် ညောင်ဦးခရိုင် ပညာရေးမှူး ဦးအောင်ဌေးတို့မှ အဖွင့်အမှာစကားပြောကြားကာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ကျပန်းစကားပြောပြိုင်ပွဲကျင်းပသည်။
အဆိုပါ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲသို့ အခြေခံပညာအထက် တန်းကျောင်း(ပုဂံ)မှ အထက်တန်းကျောင်းသားကျောင်းသူများ၊ အခြေခံပညာအထက်တန်းကျောင်း(ကြအို)ကျေးရွာမှ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြင်းကပါ)မှ ကျောင်းသား/ကျောင်းသူများ၊ ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဂန့်ဂါ)မှ ကျောင်းသား/ကျောင်းသူများ၊ ချမ်းရိပ်မြေကိုယ်ပိုင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုနှစ်ဆုတို့အား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်နှင့်ဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများက ဆုရကျောင်းသား ကျောင်းသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment