MNP ၊ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုး က ကျောင်းသား၊ကျောင်းသူများ စိတ်ကူးစိတ်သန် ကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်၍ ပန်းချီ ရေးဆွဲတတ်စေရန်၊ အရောင်မျိုးစုံ ချယ်သတတ်စေရန်နှင့် ဘက်စုံထူးချွန်သော လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီဆရာ ဦးသူရကျော်က ဆုရွေးချယ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီ ပြိုင်ပွဲကို စတင်ခဲ့ရာ အ.မ.က ကမ်းဇော်တောကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး က စိတ်ကြိုက်ပန်းချီ ရေးဆွဲ၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ၊ ပူးတွဲ အကောင်းဆုံးဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထက်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment