လားရှိုးဂေါက်ကွင်းတွင် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးဂေါက်ကွင်းတွင် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ


MNP ၊  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးဂေါက်ကလပ်တွင် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက လားရှိုးဂေါက်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲကို ရွှေတန်း၊ ငွေတန်း၊ ကြေးတန်း၊ သက်ကြီးတန်း၊ အမျိုးသမီးတန်း ဟူ၍ အတန်း ၅ တန်း ပြိုင်ပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ညပိုင်းတွင် Golden Hill Hotel ဧည့်ခန်းမတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းကာ လားရှိုး ဂေါက်ကလပ် ကော်မတီဥက္ကဋ္ဌ ဦးစိုင်းဟန်လိုင်းနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment