MNP ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် အစိုးရအမှုထမ်းငွေစုငွေချေးသမဝါယမအသင်း (လိမိတက်) ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ်(၁၂)နာရီ အချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အမှုထမ်းများငွေစုငွေချေးသမဝါယမအသင်း(လိမိတက်)ဥက္ကဌ ဦးစံရွှေသာ နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ရီ တို့ကအမှာစကားပြောကြားပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဒါရိုက်တာအဖွဲ့ဝင် ဦးဇော်မင်းထွန်း ကလည်း ကောင်း ၊ ဘဏ္ဍာရေးရှင်းတမ်းကို မြို့နယ်သမဝါယမဦးစီးဌာန မှ အကြီးတန်းစာရေး ဦးသူရ ကဖတ်ကြား ရှင်းလင်းပြီး အသင်းသားများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုကြသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးတေင်မောင်ရီ နှင့် အသင်းဥက္ကဌ ဦးစံရွှေသာ တို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် အသင်းသားများ၏ သား၊သမီးများသို့ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment