ဂွမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ညောင်ဝိုင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ညောင်ဝိုင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက စတင်၍ ညောင်ဝိုင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင်  ပြုလုပ်ခဲ့ကြသည်။


မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးခင်မောင်ထွန်း ဦးစီးသည့် အရာထမ်း၊အမှုထမ်း တပ်ဖွဲ့ဝင်များ၊ ဒုရဲမှူးဝင်းအောင်ဦးစီးသည့်အရာထမ်း၊အမှုထမ်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ရွာမရပ်ကွက်၊ ညောင်ဝိုင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ  အမှိုက်သရိုက်နှင့် ချုံပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊ ဘုရားစေတီများတွင် တံမြက်စည်းလှည်းခြင်း၊  မြက်ပင်များ ရှင်းလင်းပေးခြင်းနှင့် သန့်ရှင်းရေးများကို  စုပေါင်းညီညာစွာ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)